ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် အဝါရောင်လှုပ်ရှားမှု ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၂၂-၁-၂၀၂၁) ရက်နေ့ Yellow campaign ပြုလုပ်ရာတွင် Mask နှင့် faceshield များ ဝေငှခြင်း၊ Handheld speaker များဖြင့် COVID-19 ရောဂါနှင့်ပတ်သက်သော အသိပညာများနှင့် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကို တစ်ဦး အသိပေးပါ၊ သတိပေးပါ ဟူသော အဓိကအချက်အလက်များကို ပြည်သူများအား လိုက်လံသတိပေး နှိုးဆော်ခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို သိမ်ဖြူစျေးတွင်ပြုလုပ်ခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးမှုးအဆင့် (၁) ဒေါ်တင်တင်ဝင်းနှင့်တကွ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စသည်တို့ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

More Tags