ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (25-1-2021)

အမှတ်စဉ် (၂၄၂)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးစီး၍မြောင်မြို့နယ်၌ (Mask and Face Shield Campaign) ကို စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေပုံ

 

အမှတ်စဉ် (၂၄၃)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေပုံ

 



အမှတ်စဉ် (၂၄၄)

ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ကချင်ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပူတာအိုမြို့၊ မြို့မဈေး(မနက်ဈေး)နှင့် လေယာဉ်ကွင်းဈေး(မနက်ဈေး)၊ လေယာဉ်ကွင်း ရုပ်ထုလမ်းဆုံနေရာများ၌ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ၀န်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ

 


အမှတ်စဉ် (၂၄၅)

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်) အထူးကြပ်မတ်ကုသဆောင်(ICU)၌ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာ ခံစားရနေများကို ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ (၂၂-၁-၂၀၂၁) (ယခုကဲ့သို့ အထူးကြပ်မတ်ကုသဆောင်(ICU)များတွင် ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာခံစားရသူ တစ်ဦးတစ်ယောက်မျှ မရှိစေလိုပါ၊ ရိုးရှင်းလွယ်ကူသော ရောဂါကာကွယ်ရေး နည်းလမ်းများကို သတိပြုလိုက်နာစေရေး မိသားစုဝင်/မိတ်ဆွေ အချင်းချင်းအသိပေး/သတိပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။)

 

More Tags