ပင်လောင်းမြို့တွင် အရန်သားဖွားဆရာမ (၆) လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပင်လောင်းမြို့၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Access to Health Fund (State Health Grant)တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားဆရာမ (၆) လသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

 

     အဆိုပါအခမ်းအနားတွင် ပင်လောင်းမြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ အရန်သားဖွားဆရာမများ ဆောင်ရန် ရှောင်ရန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး အရန်သားဖွားဆရာမများအား သင်တန်းဆင်းလက်မှတ်များနှင့် AMW Kit များ ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ဆုရရှိသူများအား ဆုချီးမြှင့်ပြီး အခမ်းအနားအား ရုပ်သိမ်းလိုက်ပါသည်။ ၎င်းအခမ်းအနားကို ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

More Tags