ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (20-1-2021)

အမှတ်စဉ် (၂၂၃)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျောက်ဆည်မြို့၊ ရန်ကုန်-မန္တလေး လမ်းမပေါ်ရှိ ပေါက်တောတံတား၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၁၉.၁.၂၀၂၁)

 

အမှတ်စဉ် (၂၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အတည်ပြုလူနာနှင့် ထိတွေ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်ယူရန် ပြင်ဆင်နေပုံ (၁၈-၁-၂၀၂၁)

 

အမှတ်စဉ် (၂၂၅)

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ) အထူး ကြပ်မတ်ကုသဆောင်(ICU)၌ ကျန်းမာရေးဝန်ထမ်းများမှရောဂါပြင်းထန်စွာခံစားရနေသူ တစ်ဦးကို ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ(၃၁-၁၂-၂၀၂၀)

 

 

More Tags