ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၁) ပြည့်နှစ်၊ ဇန်နဝါရီလ (၂၀) ရက်

     (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၈း၀၀) နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ဌေးကြွယ်ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရန် အိမ်အတွင်းအပြင်ရှိ အိုးခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြပါသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး သတင်းစကား(၈)ချက်နှင့် COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများကို Hand Speaker ဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းစဉ်တွင် စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ လမ်းမှူးများ၊ အခြေခံ ကျန်းမာရေးပညာရှင်များနှင့် ပြည်သူလူထုများ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

More Tags