ဒလမြို့နယ်အတွင်း STOP COVID-19 Yellow Campaign ကျင်းပပြုလုပ်

ဒလမြို့၊၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်

     ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက်ပိုင်းအချိန်၌ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူစည်ကားရာနေရာများဖြစ်သော သင်္ဘောဆိပ်၊ ကားဂိတ်နှင့်ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု အမူအကျင့်ပြောင်းလဲရေးဆိုင်ရာလူထုလုပ်ရှားမှု STOP COVID-19 Yellow Campaign ကိုကျင်းပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါလူထုလှုပ်ရှားမှုအားရန်ကုန်မြို့တော်စည်ပင်သာရေး ကော်မတီမှတာဝန်ရှိသူများ ၊မြို့နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူပေါင်း၍ STOP COVID-19 အဝါရောင် Campaign တွင် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးနှင့်တစ်ဦးအသိပေးပါ၊ သတိပေးပါဟူသောကျန်းမာရေးအသိပညာများ ကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာအောင်ရည်ရွယ်၍ ကျန်းမာရေးပညာပေးခြင်း၊ နှာခေါင်းစည်းဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags