ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုရီးယားနိုင်ငံသူ Mis Yoon Sohee ဦးဆောင်သော KOICA၊ KGF၊ KMF နှင့် HIMM အဖွဲ့တို့မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

ညောင်ရွှေမြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်

     ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ကာကွယ်ရေးနှင့် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုရီးယားနိုင်ငံသူ Mis Yoon Sohee ဦးဆောင်သော KOICA၊ KGF၊ KMF နှင့် HIMM အဖွဲ့တို့မှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     အဆိုပါ ကိုရီးယားနိုင်ငံသူ Mis Yoon Sohee ဦးဆောင်သောအဖွဲ့များမှ Imfra Red Thermo Scanner (၂)စုံ၊ KF 94 Mask (၁၇၀)ခု၊ အဝတ် Mask (၁၅၀၀)ခု၊ ဂျာစီအင်္ကျီ (၂၇၅)ထည်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး ဗီနိုင်း(၁၁၁)ခု၊ ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင် (၅၀၀၀၀)စောင်၊ 20(l) ဆပ်ပြာဆီ (၇၅)ပုံး တို့ လာရောက် လှူဒါန်းခြင်းဖြစ်ပါသည်။

More Tags