ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ဆောင်ရွက်

ဖယ်ခုံ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရန်အတွက် Mask မဖြစ်မနေတပ်ဆင်ရေး Mask Campaign ကို ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက မြို့လယ် အဝိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ကျန်းမာရေး၀န်ထမ်းများမှ ပူးပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဝေငှခြင်း၊ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရန်နည်းလမ်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 
 

More Tags