ရွှေကူမြို့နယ်သို့ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်

ရွှေကူ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်

     ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်သို့ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း ကွင်းဆင်းသွားရောက်၍  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အနီးကပ်ကြီးကြပ်လမ်းညွှန်ခဲ့ပါသည်။ ထို့သို့ကွင်းဆင်းသွားရောက်ရာတွင် စီသေတိုက်နယ်ဆေးရုံ၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံ၊ ရွှေကူမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မံစီမြို့နယ်ရှိဟန်ထက်ကျေးလက်ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းမျာေဆောင်ရွက်နေမှု၊ COVID- 19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုစသည်တို့ကို ဒေသခံဝန်ထမ်းများ၊ အတွင်းလူနာအဖြစ် ကုသမှုခံယူနေသည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ လိုအပ်သည်များ ကြီးကြပ်လမ်းညွှန်ခဲ့ပါသည်။

     ထို့နောက် ရွှေကူမြို့နယ် အောက်လေးလမ်းဆုံဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 antigen rapid diagnostic test (RDT) ဖြင့် စစ်ဆေးမှုဆောင်ရွက်နေမှုကို လည်းကောင်း၊ အသွားအလာကန့်သတ်ခြင်းဆောင်ရွက်နေသည့် နေရာကိုလည်းကောင်း သွားရောက်ကြည့်ရှူ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေကူမြို့နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ သုံးထပ် အဆောက်အဦဆောင်လုပ်နေသည့် လုပ်ငန်းခွင်သို့သွားရောက်လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ကြီးကြပ်မှာကြားခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ဗန်းမော် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းဇော်အေး၊ ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းတို့နှင့် ဒေသခံသက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်၍ တိုင်ပင်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags