ဝေါ‌မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (MASK AND FACE SHIELD CAMPAIGN) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဝေါ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင် / မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန များ၏ ဦးဆောင်မှုဖြင့် ဝေါမြို့နယ်တွင် (၁၇-၁-၂၀၂၁)ရက်နေ့ နံနက်ပိုင်းအချိန်၌ မြို့မဈေးရှေ့နှင့် ဘူတာလမ်းဆုံ၊ မြစ်ကျိုး SHU၊ သူရဲသမိန် RHC၊ ညောင်ခါးရှည်RHC ၊ ကော့ဝင်းRHC ၊ ကဒွတ်RHC ၊ တောကြီးRHC ၊ ဝိုင်းပတ်RHC ၊ ဖိုးဦးစိန်RHC ၊ ဘုရားပျိုRHC  တို့တွင်  COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့်ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (MASK AND FACE SHIELD CAMPAIGN) ကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်တွင် ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖအဖွဲ့အစည်းပေါင်းစုံ ပါဝင်သောအဖွဲ့ဖြင့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးသို့လာရောက်သည့် ပြည်သူလူထုများကို Mask (၂၇၇၇) ခုစီနှင့် Faceshield (၁၅၅) ခုစီ တို့ကို ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 
 

More Tags