ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းဦးဆောင်၍ ပဲခူးမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ်

ပဲခူး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်

     ပဲခူးဒေသခံများအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်္ကေတများ (Stop Covid-19 Sign) အသုံးပြု၍ဆောင်ရွက်မည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှုကို ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၉) နာရီအချိန်က ပဲခူးမြို့၊ သနပ်ပင်လမ်းမတန်း လိပ်ပြာကန်ရှေ့၌ ကျင်းပပြုလုပ်သည်။ အဆိုပါလူထုလှုပ်ရှားမှုအား COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးလုပ်ငန်းများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများ အားလုံးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လာစေရေးရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ We Love Bago အဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် Mask တပ်ခြင်း၊ Face Shield အသုံးပြုခြင်းများကို ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

 
 

More Tags