တာမွေမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်

     ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့၊ နံနက် (၉:၀၀)နာရီမှစ၍  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် တာမွေကြီး(က+ဂ)ရပ်ကွက်နှင့် မေတ္တာညွန့် ရပ်ကွက်တို့တွင် တစ်လ(၂)ကြိမ် ကွင်းဆင်း၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါသည်။  အဆိုပါလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံပေးနေပါသည်။ Mask And Faceshield တပ်ဆင်လာကြ ပါရန်၊ တစ်ဦးနှင့်တစ်ဦး   (၆)ပေအကွာတွင်သာနေရန်၊ လက်ဆေးကြပါရန်စသည့် စည်းကမ်းချက်များနှင့်အညီ လာရောက်ထိုးနှံကြပါရန်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တိုက်တွန်းနှိုးဆော်ထားပေး ပါသည်။ တစ်ရက်လျှင် ကလေး(၅၀)ဦးသာ ထိုးနှံပေးပါသည်။ အဆိုပါလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာနှင်းလဲ့ရည်မှ ဦးဆောင်၍ အခြေခံကျန်းမာရေးပညာရှင်များက ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ပုံမှန်အတိုင်းဆောင်ရွက်လျှက် ရှိနေပါသည်။

 
 

More Tags