ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့ Mask and faceshield campaign ကို သိမ်ဖြူစာတိုက်မှတ်တိုင်မှစ၍ လမ်းတလျှောက် ဆောင်ရွက်ခဲ့ကြရာ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်တင်တင်ဝင်းနှင့်တကွ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စသည်တို့ ပူးပေါင်းလှုပ်ရှားခဲ့ကြပါသည်။