ပြည်ကြီးတံခွန်မြို့နယ်၌ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန္တလေး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်နှင့် ရတနာပုံဈေး(စ)ရပ်ကွက်တို့၌ COVID-19 ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များမှ Hand speaker ဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags