ပုသိမ်ကြီးမြို့နယ်၌ COVID-19 ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask and Face Shield Campaign) ဆောင်ရွက်

ပုသိမ်ကြီး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာ၊ အုန်းချောကျေးရွာနှင့် မြို့မဈေးကြီးတို့၌ COVID-19 ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများပူးပေါင်း၍  ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ ကြပါသည်။

 

 
 

More Tags