ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (13-1-2021)

အမှတ်စဉ် (၁၉၄)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (Mask and Face Shield Campaign) ကို မိုးကုတ်မြို့နယ်၊ ပန်လင်ကျေးရွာ၊ ဘားနဒ်ဈေး၌ အခြေခံကျန်းမာရေး ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၉၅)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပန်းတိုင်(မဲဇလီ)စစ်ဆေးရေးဂိတ်၊ ညောင်တုန်းမြို့နယ်၌ တာဝန်ကျ အခြေခံကျန်းမာရေး ပညာရှင်များ၊ ပူးပေါင်းအဖွဲ့များက ကုန်တင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များထံမှ နှာခေါင်း၊ အာခေါင်တို့ဖတ်များ ရယူစစ်ဆေးပေးနေပုံ။

 


အမှတ်စဉ် (၁၉၆)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (Mask and Face Shield Campaign) ကို မြစ်ကြီးနားမြို့နယ်၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၉၇)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန အထူးကြပ်မတ်ကုသဆောင် (ICU)၌ ကျန်းမာရေးဝန်ထမ်းများက ရောဂါပြင်းထန်စွာ ခံစားရနေသူ တစ်ဦးကို ကုသစောင့်ရှောက်မှုများ ပေးအပ်နေပုံ

 

More Tags