ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (10-1-2021)

အမှတ်စဉ် (၁၈၂)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (Mask and Face Shield Campaign) ကို မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၈၃)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖားကန့်မြို့နယ်၌ အခြေခံကျန်းမာရေး ပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၈၄)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ Mask and Face Shield Campaign ပြုလုပ်နေပုံ။

 


အမှတ်စဉ် (၁၈၅)

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ အထူးကြပ်မတ်ကုသဆောင်(ICU)၌ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာခံစားရနေသူ တစ်ဦးကို ကုသ စောင့်ရှောက်မှုများ ပေးအပ်နေပုံ။

 

More Tags