“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (4-1-2021)

အမှတ်စဉ် (၁၅၈)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (Mask and Face Shield Campaign) ကို အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နှင့် ညောင်ကွဲရပ်ကွက်တို့၌ အခြေခံ ကျန်းမာရေးပညာရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၅၉)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေးမြို့နယ်၌ အခြေခံကျန်းမာရေး ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၆၀)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စည်ပင်သာယာဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို (၂၀.၁၂.၂၀၂၀)နေ့၊ နံနက်(၁၀)နာရီတွင် တွေ့မြင်ရပုံ၊ “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ ဈေးဝယ်သူအားလုံးမှ စနစ်တကျ တပ်ဆင်ခြင်း၊ Mask ကိုစနစ်တကျ တပ်ဆင်ထားရန် အချင်းချင်းအသိပေးခြင်း/သတိပေးခြင်း မရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်း မရှိသူများအကြား ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 


အမှတ်စဉ် (၁၆၁)

မန္တလေးတိုင်းဒေသကြီး၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန၊ အထူးကြပ်မတ်ကုသဆောင်(ICU)၌ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာ ခံစားရနေသူများကို ကုသ စောင့်ရှောက်မှုများ ပေးအပ်နေပုံ။

 

More Tags