“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (1-1-2021)

အမှတ်စဉ် (၁၄၆)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (Mask and Face Shield Campaign)ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေပုံ။

 

အမှတ်စဉ် (၁၄၇)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဆောမြို့နယ်၌ အခြေခံကျန်းမာရေး ပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၄၈)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သပြေကုန်းဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို (၂၂.၁၂.၂၀၂၀)နေ့တွင် တွေ့မြင် ရပုံ၊ “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ဈေးဝယ်သူအားလုံးမှ စနစ်တကျတပ်ဆင်ခြင်း၊ Mask ကိုစနစ်တကျ တပ်ဆင်ထားရန် အချင်းချင်းအသိပေးခြင်း/သတိပေးခြင်း မရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်း မရှိသူများအကြား ကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 


အမှတ်စဉ် (၁၄၉)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူး ကြပ်မတ်ကုသဆောင် (ICU)၌ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာ ခံစားရနေသူများကို အချိန်ပြည့် စောင့်ကြပ်ကြည့်ရှု၍ ကုသစောင့်ရှောက်မှုများ ပေးအပ်နေပုံ။

 

More Tags