“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (၂၈-၁၂-၂၀၂၀)

အမှတ်စဉ် (၁၃၀)
မန္တလေးတိုင်းဒေသကြီး ၊ တောင်သာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်ဈေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ပြီးမှ ရောင်းချ၊ ဝယ်ယူကြရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးခြင်းကို အခြခံကျန်းမာရေးပညာရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်နေပုံ (၂၅-၁၂-၂၀၂၀)

 
 

အမှတ်စဉ် (၁၃၁)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တောင်ကြီးမြို့နယ်တွင် အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၁၇.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၁၃၂)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေးမြို့နယ်၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၄.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၁၃၃)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) တွင်ကျန်းမာရေးဝန်ထမ်းများက ရောဂါပြင်းထန်စွာခံစားရနေသူများကို ကုသ စောင့်ရှောက်မှုများပေးအပ်နေပုံ (၂၄-၁၂-၂၀၂၀)

 
 

More Tags