“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (PHOTOS OF THE DAY)” (26-12-2020)

အမှတ်စဉ် (၁၂၂)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ သရက်မြို့နယ်တွင် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ စနစ်တကျ တပ်ဆင်ရေးလှုပ်ရှားမှု (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၂၃)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်နှင့် ပြည်ကြီးရန်လုံရပ်ကွက်၌ အခြေခံကျန်းမာရေးပညာရှင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၂၄)

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကြီးဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို နံနက်(၉:၀၀)၊ (၂၀.၁၂.၂၀၂၀) နေ့တွင် တွေ့မြင်ရပုံ၊ “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield) များကို ဈေးရောင်းသူ/ ဈေးဝယ်သူအားလုံးမှ စနစ်တကျ တပ်ဆင်ခြင်းမရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်း မရှိသူများအကြား ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 


အမှတ်စဉ် (၁၂၅)

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) တွင်ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာ ခံစားရနေသူများကို ကုသစောင့်ရှောက်မှုများ ပေးအပ်နေပုံ။

 

More Tags