ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (24-12-2020)

အမှတ်စဉ် (၁၁၄)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ တွန်းဇံမြို့နယ်တွင် ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာစနစ်တကျတပ်ဆင်ရေးလှုပ်ရှားမှု (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၀-၁၂-၂၀၂၀)

 

အမှတ်စဉ် (၁၁၅)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ထားဝယ်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာစနစ်တကျတပ်ဆင်ရေးလှုပ်ရှားမှု (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၃-၁၂-၂၀၂၀)

 

အမှတ်စဉ်(၁၁၆)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို နံနက်(၉:၀၀)၊ (၂၀.၁၂.၂၀၂၀)နေ့ တွင် တွေ့မြင်ရပုံ၊

“ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ဈေးဝယ်သူအားလုံးမှစနစ်တကျတပ်ဆင်ခြင်းမရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်းမရှိသူများအကြားကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန်ခက်ခဲနေဦးမည် ဖြစ်ပါသည်။”

 

အမှတ်စဉ် (၁၁၇)

ကိုဗစ်-၁၉ ကုသရေးဌာန(သုဝဏ္ဏ)ရှိ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်စွာခံစားနေရတစ်ဦး ကို ကျန်းမာရေးဝန်ထမ်းများမှ ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ (၁၆-၁၂-၂၀၂၀)

 

More Tags