"ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (23-12-2020)

အမှတ်စဉ် (၁၁၀)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မြစ်ကြီးနားမြို့ရှိဈေးများတွင် ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာ စနစ်တကျ တပ်ဆင်ရေးလှုပ်ရှားမှု (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ။


အမှတ်စဉ် (၁၁၁)

ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သထုံမြို့နယ်တွင် အခြေခံကျန်းမာရေးပညာရှင်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံများပူးပေါင်း၍ Mask and Face Shield Campaign ဆောင်ရွက်နေပုံ။


အမှတ်စဉ် (၁၁၂)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို နံနက် (၉:၃၀)၊ (၂၀.၁၂.၂၀၂၀)နေ့ တွင် တွေ့မြင်ရပုံ၊ “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ဈေးဝယ်သူအားလုံးမှ စနစ်တကျ တပ်ဆင်ခြင်းမရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်း မရှိသူများအကြား ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။”


အမှတ်စဉ် (၁၁၃)

တောင်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်စွာ ခံစားနေရတစ်ဦး (မှောက်လျက်) ကို ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကုသ စောင့်ရှောက်မှုများ ပေးအပ်နေပုံ။

More Tags