ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (21-12-2020)

အမှတ်စဉ် (၁၀၁)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကျုံးအရှေ့ဘက် (၆၆) လမ်းနှင့် မြောက်ဘက် (၁၂) လမ်းတစ်လျှောက်တွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျုံးဘေးလမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့မရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက ကာလာကြိုးများတားခြင်း၊ ၂ပေx၁ပေ သတိပေးအသိပေး ဗွီနိုင်းဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲကပ်ထားခြင်းတို့ ဆောင်ရွက်နေပုံ။ (၁၉-၁၂-၂၀၂၀)

 

အမှတ်စဉ် (၁၀၂)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းယားကန်ဘောင်တွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကန်ဘောင်ပေါ်လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့မရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက ကာလာကြိုးများတားခြင်း၊ သတိပေးအသိပေး ဗွီနိုင်းဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲကပ်ထားခြင်းတို့ကိုဆောင်ရွက်ထားရှိပုံ။ (၁၉-၁၂-၂၀၂၀)

 

အမှတ်စဉ် (၁၀၃)

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဈေးတွင် ဈေးရောင်း/ဈေးဝယ်အများစုမှ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) များတပ်ဆင်ရောင်းဝယ်နေသည်ကိုတွေ့မြင်ရပုံ။ နံနက် (၉:၃၀)၊ (၂၀.၁၂.၂၀၂၀)

 

အမှတ်စဉ် (၁၀၄)

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဈေးနှင့်ဈေးအပြင်ဘက်တွင် ဈေးရောင်း/ဈေးဝယ်အများစုက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို နံနက် (၉:၃၀)၊ (၂၀.၁၂.၂၀၂၀) နေ့တွင် တွေ့မြင်ရပုံ၊

“ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ဈေးဝယ်သူအားလုံးမှ စနစ်တကျတပ်ဆင်ခြင်းမရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်းမရှိသူများအကြား ကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန်ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 

အမှတ်စဉ် (၁၀၅)

တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်စွာခံစားနေရသူများကို ကျန်းမာရေးဝန်ထမ်းများက ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ။ (၁၈-၁၂-၂၀၂၀)

 

More Tags