“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (20-12-2020)

အမှတ်စဉ် (၉၇)

ပြည်သူများ ကိုဗစ်-၁၉ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ (Mask and Face Shield Campaign)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပုံ။


အမှတ်စဉ် (၉၈)

ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ (Mask and Face Shield Campaign) ကို အခြေခံကျန်းမာရေး ပညာရှင်များက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ ပါဝင်ပူးပေါင်းဆောင်ရွက်နေပုံ။


အမှတ်စဉ် (၉၉)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စဉ့်ကိုင်မြို့နယ်၌ သစ်ချော စက်ရုံသို့ သွားရောက်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်းများကို အခြေခံကျန်းမာရေးပညာရှင်များ၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက်စစ်ဆေး ဆောင်ရွက်နေပုံ။

 


အမှတ်စဉ် (၁၀၀)

တောင်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)တွင် ရောဂါပြင်းထန်စွာ ခံစားနေရသူတစ်ဦးကို ကျန်းမာရေးဝန်ထမ်းများမှ ကုသစောင့်ရှောက်မှုများ ပေးအပ်နေပုံ။

 

More Tags