Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် "Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် Zeya and Associates Co., Ltd မှ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ Zeya and Associates Co., Ltd ၏ ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်စပ်လုပ်ကိုင်နေသည့် Zeya and Associates Co., Ltd အနေဖြင့် လူမှုတာဝန်သိစိတ် (Corporate Social Responsibility (CSR)) ဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် Injection Remdesivir များနှင့် Flat Pack Container Camp များ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• မိမိတို့ ကုမ္ပဏီအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးရန် လုပ်ငန်းများတွင်လည်း ပါဝင်လှူဒါန်းမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

• လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်နေရုံသာမက ဆက်စပ်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား လှူဒါန်းမှုများ ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ပေးနေမှုများအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တာဝန်ကိုယ်စီဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

• COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန်အတွက် အဓိကအရေးအကြီးဆုံး အချက်မှာ ပြည်သူများ၏ တာဝန်သိစွာဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ Zeya and Associates Co., Ltd ၏ ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က ကျပ်ငွေ (၇၂၃) သိန်းတန်ဖိုးရှိ Injection Remdesivir (100 mg) (၁,၀၀၂) ပုလင်း နှင့် Flat Pack Container Camp (၅) ခုတို့အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ရှေ့မှောက်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (၁)၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်က မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags