ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓါတ်ပုံကဏ္ဍ(Photos of the Day)” (14-12-2020)

အမှတ်စဉ် (၇၃)

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ဦးဆောင်၍ ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း၊ ကျောက်တွင်းကုန်းလမ်းဆုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များအား ပြည်သူများလိုက်နာနိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်နေပုံ။


အမှတ်စဉ် (၇၄)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုစေရေး Mask and Face shield campaign ကို တွံတေးမြို့နယ်တွင်ဆောင်ရွက်နေပုံ။


အမှတ်စဉ် (၇၅)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုစေရေး Mask and Face shield campaign ကို ပေါင်မြို့နယ်တွင်ဆောင်ရွက်နေပုံ။


အမှတ်စဉ် (၇၆)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်စွာ ခံစားနေရသူတစ်ဦးအား ဆေးဝါးကုသ စောင့်ရှောက်မှုများပေးအပ်နေပုံ။

More Tags