ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းရှိ ကျေးရွာများသို့ ရွေ့လျားဆေးကုသမှုအစီအစဉ်များဆောင်ရွက်

ဘူးသီးတောင်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၁ ရက်

     ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရွေ့လျားဆေးကုသမှုအစီအစဉ်ကို လစဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလအတွင်း ဖောင်တော်ပြင်ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းရှိ ကျေးရွာများသို့ COVID-19 Precaution နှင့်အညီ ဆောင်ရွက်လျှက် ရှိပါသည်။ (၁၀-၁၂-၂၀၂၀) ရက်နေ့ ခြင်းသမားကျေးရွာတွင် ရွေ့လျားဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူနာစုစုပေါင်း (၅၂) ဦးအား ဆေးကုသမှုပေးခဲ့ပါသည်။

More Tags