ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်
(၂၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲကို ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပေးဆွေးနွေးပွဲတွင် ဒဂုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေပြည်မှ အသက် (၉ ) နှစ် ( ၁၀ ) နှစ်အရွယ်( စက်တင်ဘာလ ၂၀၂၀ မှ ဩဂုတ်လ ၂၀၂၀ အထိ) မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံမည့်အကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာကွယ်ဆေးအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း အပတ်စဉ် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) နေ့ရက်များတွင် ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါပွဲသို့ ဒဂုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးဉက္ကဌများ၊ စေတနာဝန်ထမ်းများ တတ်ရောက်ခဲ့ပါသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=26-11-20_Dgon_EPI.jpg)