ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဓမ္မောဒရစာသင်တိုက်တွင် COVID-19 ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်

ကျိုင်းတုံမြို့၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်

     (၅.၁၂.၂၀၂၀) နေ့ရက်၊ နံနက်ခင်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ သာသနာရေးဉီးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် လက်တွဲဆောင်ရွက်နေကြသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဝန်ထမ်းများ ပူးပေါင်းကာ ဓမ္မောဒရစာသင်တိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ပြုမူနေထိုင်ရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မတ်စ်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ကျိုင်းတုံမြို့ပေါ်ရှိ အခြားဘုန်းတော်ကြီးကျာင်းများသို့ အပတ်စဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်လိုသူများ ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags