ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး အသိပညာပေးဆော်ဩ

ပင်းတယ၊၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၅)ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ဌာနပိုင်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 


     အခြေခံကျန်းမာရေးဝန်ထမ်းများက ကျေးလက်နေပြည်သူများ ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ မိမိအိမ်တွင်သာနေထိုင်ရန်၊ အိမ်ပြင်ထွက်ခွာသွားလာပါက နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းသာယာရေး ဆောင်ရွက် ထားရှိရန် လက်ကိုင်အသံချဲ့စက်( Hand Speaker)နှင့် အသံချဲ့စက်( loud Speaker) များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေး ဆော်ဩခဲ့ပါသည်။

 

More Tags