ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်များတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask Campaign) မဖြစ်မနေ တပ်ဆင်ရေး စီမံချက်ကျင်းပ

ကျိုင်းတုံမြို့၊၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၄)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ယခုအခါ COVID-19 ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရောဂါကူးစက်မှု မမြင့်မားစေရေးအတွက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ခရိုင်/မြို့နယ်များရှိ လူစည်ကားရာနေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask Campaign) မဖြစ်မနေတပ်ဆင်ရေး စီမံချက်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ (၄-၁၂-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ အခြေခံကျန်းမာရေး ပညာရှင်များပါဝင်သည့် အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လူစည်ကားရာ နေရာများဖြစ်သော လမ်းဆုံ၊ လမ်းခွများနှင့် မြို့မဈေးများ တွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask Campaign) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ဆောင်ရွက်ခဲ့ကြသည်။

 

More Tags