မင်္ဂလာဒုံမြို့နယ်တွင်းရှိ ထောက်ကြန့်လမ်းဆုံနှင့် ရတနာစျေးများတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက်(Mask and Face Shield Campaign) ဆောင်ရွက်

ရန်ကုန်မြို့၊၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၄)ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ထောက်ကြန့်ကျေးလက် ကျန်းမာရေးဌာနအတွင်းရှိ ထောက်ကြန့်လမ်းဆုံနှင့် ရတနာစျေးကြီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက်(Mask and Face Shield Campaign)ကို (၄.၁၂.၂၀၂၀)ရက်နေ့တွင် အရှိန်အဟုန်မြှင့် အပတ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ COVID-19 ကော်မတီအဖွဲ့ဝင်များ၊ အခြေခံကျန်းမာရေး ပညာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်း၍ စျေးများ၊ စျေးပတ်ဝန်းကျင်ရှိ လူအသွားအလာများသည့် နေရာများတွင် Mask၊ Face Shield နှင့် COVID-19 ပညာပေးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ စျေးရောင်းသူများ Mask၊ Face Shield စနစ်တကျ အမြဲတပ်ဆင်စေရန်၊ စျေးရောင်းချရာနေရာ၌ Mask စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးထားရှိစေခြင်းစသည့် ပညာပေးခြင်းများအား Hand Speaker များ အသုံးပြုကာ အရှိန်အဟုန်မြှင့် အသိပညာမြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

 

 

More Tags