သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (Mask And Face shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၀)ပြည့်နှစ်၊ ဒီဇင်ဘာ(၄)ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်လျက် ရှိရာ (၄.၁၂.၂၀၂၀) ရက်နေ့ ညနေ (၄:၃၀) နာရီမှစ၍ သင်္ဃန်းကျွန်းမြို့နယ်၏ လူစည်ကားရာ နေရာတစ်ခုဖြစ်သော သုဝဏ္ဏပန်းခြံတွင် နှာခေါင်းစည်း(Mask)၊ Face Shieldနှင့် COVID-19 ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်အသိပေးချက်များကို ပန်းခြံသို့ လာရောက်ကြသူများ အား အသိပညာပေးခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဝိုင်းမိုမိုကြွယ် (ဦးစီးအရာရှိ-အခြေခံကျန်းမာ/ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန)နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် COVIDအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းလူငယ်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြပါသည်။

 

 

More Tags