ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၂)ရက်
ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို (၂.၁၂.၂၀၂၀) ရက်နေ့မနက် ၉နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်မှ HPV Vaccine ထိုးနှံခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံခြင်း အခြေစိုက်နေရာများဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဘိုလိန်း)နှင့် ပြည်သူ့ကျန်းမာရေးဌာနခွဲ (ဖဆပလ) တွင် HPV vaccine ထိုးနှံနေမှု အခြေအနေများ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=2-12-20_YGN%20MingalarTN.jpg)