ကျိုင်းတုံမြို့၊၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၅)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူစုလူဝေးဖြင့် နေထိုင် လျက်ရှိသော ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် စာသင်တိုက်များတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်း ဦးဆောင်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက် ရှိ စီမံချက်အသီးသီးမှ အတူတကွ လုပ်ငန်းဆောင်ရွက်နေကြသော အစိုးမဟုတ်သည့် ဝန်ထမ်းများ၊ ပြည်နယ်/ခရိုင် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း (၃၀)ဦး ခန့်ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် (၅-၁၂-၂၀၂၀) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျိုင်းတုံမြို့၊အမှတ်(၃) ရပ်ကွက်ရှိ ရဟန်းသာမဏေ စာသင်သား (၁၉၅)ပါး ရှိသော ဓမ္မောဒယစာသင်တိုက်သို့ သွားရောက်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ၊ စာသင်တိုက်အတွင်း COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း COVID-19 ရောဂါမကူးစက်စေရေး စနစ်တကျနေထိုင် ပြုမူရမည့် နည်းလမ်းများနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေး ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပညာပေးဟောပြောခဲ့ပြီး ရဟန်းသာမဏေများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ကပ်လှူခြင်း၊ ကျောင်းတိုက်အတွင်း COVID-19 ရောဂါ ပညာပေးဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ ဆွမ်းစားဆောင် များအတွင်းတွင် ပြင်ဆင်ထားရှိမှုအား စစ်ဆေးခြင်း၊ လက်ဆေးဘေစင်များ လုံလောက်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ရဟန်းသံဃာများ သီတင်းသုံးသည့် အဆောင်များတွင် COVID-19 ရောဂါ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ခင်းကျင်းထားမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=5-12-20_SHN(east).jpeg)