ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ဒီဇင်ဘာလ(၁)ရက်
၂၀၂၀ ပြည့်နှစ်၊ဒီဇင်ဘာလ (၁)ရက်နေ့တွင် လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော် ဦးဆောင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အိတ်(ချ်)ပီဗီကာကွယ်ဆေး) စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-20_Ygn%20hlaingHPV.jpg)