ချင်းပြည်နယ်၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 

    ဈေးများ၊ လမ်းများနှင့်လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ ဖြန့်ဝေပြီး စနစ်တကျ တပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

 
 
 

 

More Tags