ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အသိပေးဆွေးနွေးပွဲပြုလုပ်

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်

     (၁.၁၂.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင် ထိုးနှံခြင်း အသိပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပေးဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်ပညာရေးမှူး၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ အခြေခံကျန်းမာရေး ပညာရှင်များ တက်ရောက်ခဲ့ပါသည်။

 

 

More Tags