လှိုင်မြို့နယ်ရှိ လှိုင်သာယာဈေးအား COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး (Mask and Face shield Campaign)လူထုလူပ်ရွားမှု ဆောင်ရွက်ခြင်း

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်

     (၁.၁၂.၂၀၂၀) နံနက်(၇)နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ လှိုင်သာယာဈေးအား ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဈေးရောင်း၊ ဈေးလာဝယ်သူများအား COVID-19 ရောဂါကူစက်ပျံ့နှံ့မှု ကာကွယ်ရေးနည်းလမ်းများအား Hand Held Speaker ဖြင့် အသိပေးပညာပေးခြင်း၊ လက်ကမ်းစာစောင်(၅၀၀) ဝေငှခြင်း၊ Surgical Mask (၁၅၀၀)၊ Face Shield (၁၅၀၀)အား စနစ်တကျ တပ်ဆင်အသုံး ပြုစေခြင်းစသည့် (Mask and Face shield Campaign) အား ဆောင်ရွက်ခဲ့ကြပါသည်။

 


     ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ လူစည်ကားသော ဈေးများရှိ ဈေးရောင်း၊ ဈေးဝယ်နှင့် ဝင်ထွက်သူများအားလုံး Covid-19 ကာကွယ်ရေး နည်းလမ်းများကို တိတိကျကျ လိုက်နာစေရန်နှင့် ဈေးများမှတဆင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျစေရန် ရည်ရွယ်ပြီး အဆိုပါလုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

 

More Tags