ထန်းတပင်၊ ၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၂)ရက်
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် (၂.၁၂.၂၀၂၀)ရက်နေ့ နံနက်ပိုင်းအချိန်၌ လှည်းလမ်းကူးကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာ၊ မြို့စိုးကျေးရွာများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ပါးစပ်နှင့်နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield Campaign ပြုလုပ်ခဲ့ရာ ကျန်းမာရေးအသိပညာလက်ကမ်းစာစောင်များဖြန့်ဝေခြင်း Mask(၁၂၅၀)ခုနှင့် Face Shield (၄၆)ခု အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=2-12-20_Htantapin.jpg)