ပင်လောင်းမြို့နယ် နောင်တရားမြို့မဈေးနှင့် နွားပွဲဈေးတွင် COVID-19 ကူးစက်ပျံ့နှံ့မှုမရှိစေရေး Mask and Face Shield Campaign ဆောင်ရွက်

ပင်လောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များသည် ဌာနဆိုင်ရာ များ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ COVID-19 ကူးစက်ပျံ့နှံ့မှုမရှိစေရေး Mask and Face Shield Campaign ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းအဖွဲ့သည် ပင်လောင်းမြို့နယ် နောင်တရားမြို့မဈေးနှင့် နွားပွဲဈေးအတွင်း ဈေသည်နှင့်ဈေးဝယ်များအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield) များ ဖြန့်ဝေပြီး Mask နှင့် Face Shield များစနစ်တကျတပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

More Tags