ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေး (Mask & Face Shield) များဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်

ပုဏ္ဏားကျွန်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကွန်းတောင်ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများနှင့် ကျေးရွာအတွင်းရှိ လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ပြီး COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကို ပုဏ္ဏားကျွန်းမြို့နယ်၊ ‌ကွန်းတောင်ကျေးရွာရှိ ဈေးနှင့် ကားဂိတ်တွင်  Mask (၆၀၀) ခု ၊ Face shield (၅၀)ခုအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများကို(၂-၁၂-၂၀၂၀)ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

More Tags