ဟိုပုံး၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask and Face Shield Campaign ကို ဒီဇင်ဘာလ ၁ ရက်နေ့က ဟိုပုံးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များက ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ ဖြန့်ဝေပြီး စနစ်တကျတပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေးခြင်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြပါသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-20_Hopone%20.jpg)