တောင်ကြီးမြို့တွင် ကမ္ဘာ့ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Mask Campaign ပြုလုပ်

တောင်ကြီးမြို့၊၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်

     ၂၀၂၀ခုနှစ်၊ ကမ္ဘာ့ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်အဖြစ် Mask Campaign ကို ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပါသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြည်နယ်ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ တောင်ကြီးမြို့တွင်း သွားလာနေကြသော အများပြည်သူအား COVID-19 ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပြီး စနစ်တကျတပ်ဆင်စေခြင်းကို တောင်ကြီးမြို့၊ Ocean Supercenter ရှေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၏ ကမ္ဘာ့ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ “အားလုံးညီညွှတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့” ဖြစ်ပါသည်။

 

 

More Tags