မြစ်ကြီးနား၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃၀ ရက်
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့နယ် (တာလောကြီးဈေး)၊ ဝိုင်းမော်မြို့နယ်(ဈေး၊ မုတ်လွဲဂိတ်၊ငှက်ပျောခြံ)၊ ချီဖွေမြို့နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်များရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု များ (Mask & Face Shield Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေး အတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေးဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန်ရည်ရွည်၍ လူစုလူဝေးများပြားသည့် လမ်းဆုံများ၊ ဈေး များနှင့် ရွှေ့ပြောင်းလုပ်သားများရှိသည့် ငှက်ပျောခြံများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=30-11-2020_KCH_MaskCampaign-1.jpg)
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=30-11-2020_KCH_MaskCampaign-2.jpg)
