ရန်ကုန်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်
(၂၀၂၀)ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် အင်းစိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်သန္တာဆွေ ဦးဆောင်၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (အိတ်ချ်ပီဗီကာကွယ်ဆေး) စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ၊ အမျိုးသမီး ရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=26-11-20_Insein_EPI.jpg)