မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးမှုများ ပြန်လည်ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သပြေကုန်းရပ်ကွက်မှ တစ်နှစ်ခွဲအောက် ကလေးငယ်များ၏ ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ကျွေးမှုများ ဆောင်ရွက်ခြင်းကို အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သီတာနှင့် သားဖွားဆရာမ ဒေါ် ကေသွယ်စိုးတို့က ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဖဆပလ ပြည်သူ့ကျန်းမာရေးဌာနခွဲတွင် ကန်ရှေ့နှင့် သိမ်ဖြူရထားရပ်ကွက်မှ ကလေးငယ်များ၏ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးမှုများကို အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးသိန်းနှင့် သားဖွားဆရာမဒေါ်ဝေမာဦးတို့က အသီးသီးဆောင်ရွက်ခဲ့ပါသည်။

More Tags