ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်၊ နံနက် (၉) နာရီအချိန်မှ စတင်၍ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် COVID-19 ရောဂါကြောင့် ရပ်ဆိုင်းထားသော ကာကွယ်ဆေးများအား ပြန်လည်စတင် ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ HPV သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကိုလည်း အသက် (၉)နှစ်မှ (၁၀)နှစ်ထိ မိန်းကလေးများ အားလုံးကို ဒီဇင်ဘာလဆန်း (၂)ရက်နေ့မှစတင်၍ တစ်နေ့လျှင် လူဦးရေ (၅၀)ဦးထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုသို့ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များနှင့်အညီ COVID-19 ကူးစက်မူမှ ကြိုတင်ကာကွယ် နိုင်ရန် ကလေးမိခင်များအား စနစ်တကျလက်ဆေးခြင်း၊ကလေးနှင့်ကလေးမိခင်များအား ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ Faceshield(မျက်နှာအကာ) များ စနစ်တကျ တပ်ဆင်စေခြင်း၊ ကာကွယ်ဆေးထိုးစုရပ်အတွင်း၌ Social Distance ဖြင့် လူစုလူဝေးမဖြစ်စေရန် ဆောင်ရွက်ထားခြင်း၊ လူဦးရေကန့်သတ်၍ထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း စသည့် တို့ကို အခြေခံကျန်းမာရေးပညာရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်၊၊
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=26-11-20_Hlaing_EPI.jpg)