ပေါက်ခေါင်းမြို့နယ်တွင် Mask and Face Shield မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါက်ခေါင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ Mask and Face Shield မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပါသည်။

 

     ပေါက်ခေါင်းမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် (၂၆-၁၁-၂၀၂၀)ရက်နေ့ နံနက်ပိုင်း အချိန်၌ ကားဂိတ်များ၊ လမ်းဆုံ လမ်းခွများနှင့် လူစည်ကားရာနေရာများ၊ ဈေးများ၊ မြို့အဝင်လမ်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် Mask and Face Shield Campaign ပြုလုပ်ခဲ့ပါသည်။

     အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးပညာပေးခြင်းကို Hand Held Speaker များဖြင့်လှည့်လည် အသိပေး ပြောကြားခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်း၊ လမ်းသွား လမ်းလာပြည်သူများ၊ ဈေးသို့လာရောက်သည့် ပြည်သူလူထုများကို Mask စနစ်တကျ တပ်ဆင်ရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield တို့ကို ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

More Tags